HMD Skyline 2 အသေးစိတ်အချက်အလက်များ ပေါက်ကြားလာ

HMD Skyline 2 ရဲ့ အသေးစိတ်အချက်အလက်တွေ ပေါက်ကြားမှုကြီးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်

မူရင်း Skyline ကို လွန်ခဲ့တဲ့ နှစ်နှစ်က ထွက်ရှိခဲ့ပြီး အစောပိုင်း သတင်းတွေအရ ဒီဖုန်းကို ဇူလိုင်လမှာ မိတ်ဆက်မယ်လို့ ဖော်ပြထားပါတယ်။ ကုမ္ပဏီက ဒါကို အတည်မပြုရသေးပေမယ့် ဖုန်းရဲ့ အဓိက Specs တွေကို ထုတ်ဖော်ပြသတဲ့ ကြီးမားတဲ့ ပေါက်ကြားမှုတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

ပေါက်ကြားမှုမှာ ဖုန်းရဲ့ ဒီဇိုင်းပုံကြမ်းတွေကို ပြသထားပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ထောင့်မှန်စတုဂံကင်မရာကျွန်းနဲ့ သေတ္တာပုံစံ အပြင်အဆင်ကြောင့် ယခင်ဖုန်းနဲ့ သိသိသာသာ ဆင်တူပါတယ်။ ပေါက်ကြားလာတဲ့ ဓာတ်ပုံတွေမှာ အပြာနဲ့ အဝါရောင်တွေအပြင် အနက်ရောင်ဗားရှင်းနဲ့လည်း ထွက်လာမယ်လို့ သတင်းထွက်နေပါတယ်။

ပေါက်ကြားမှုအရ ဒီဖုန်းမှာ Snapdragon 7s Gen 4 ချစ်ပ်၊ 8GB ​​နဲ့ 12GB RAM ရွေးချယ်စရာတွေ၊ 256GB သိုလှောင်မှု၊ 2000nits အမြင့်ဆုံးတောက်ပမှုရှိတဲ့ 144Hz OLED၊ OIS ပါတဲ့ 100MP အဓိကကင်မရာ၊ 50MP ultrawide ကင်မရာ၊ 50MP telephoto ကင်မရာ၊ 50MP selfie ကင်မရာ၊ 40W အားသွင်းစနစ်နဲ့ built-in magnetic wireless charging တွေ ပါဝင်မယ်လို့ သိရပါတယ်။

OG Skyline မှာ Snapdragon 7s Gen 2 ချစ်ပ်၊ 12GB RAM အထိနဲ့ 256 storage အထိ ပါဝင်ပြီး 33W wired နဲ့ 15W wireless charging ထောက်ပံ့တဲ့ 4,600mAh ဘက်ထရီ၊ 6.5″ FHD+ 144Hz OLED၊ 50MP selfie ကင်မရာ၊ OIS ပါတဲ့ 108MP main lens၊ 13MP ultrawide နဲ့ 50MP 2x telephoto (4x zoom အထိ) တို့ ပါဝင်ပါတယ်။

အရင်းအမြစ်

Related ဆောင်းပါးများ