iQOO က iQOO 16 ဟာ 2K resolution နဲ့ 165Hz refresh rate ပါဝင်တဲ့ display ကို ပထမဆုံး ပေးဆောင်မယ့် brand ဖြစ်လာမယ် လို့ ကြေညာလိုက်ပါတယ် ။
ဒီဖုန်းရဲ့ မျက်နှာပြင်မှာ iQOO နဲ့ Samsung တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ 2K LEAD 2.0 နည်းပညာ တပ်ဆင်ထားပြီး high-refresh-rate Samsung M16 luminescent ပစ္စည်းကိုလည်း အသုံးပြုထားပါတယ်။
brand ရဲ့အဆိုအရ iQOO Q-flex control နည်းပညာလည်း ပါဝင်ပြီး အသုံးပြုသူရဲ့ touch နဲ့ screen response ကြားမှာ latency ကို "သိသိသာသာ လျှော့ချပေး" ပါတယ်။ 5000Hz instantaneous touch sampling rate အထိ ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။ first-frame brightness ratio 100% နဲ့ ghosting "အနည်းဆုံး" ဖြစ်တယ်လို့လည်း ကတိပြုထားပါတယ်။
မျက်နှာပြင်ရဲ့ အခြားမှတ်သားဖွယ်အသေးစိတ်အချက်အလက်တွေကတော့ 1.24× P3 gamut coverage၊ 3300Hz အထိ PWM dimming၊ 10,000-nit local peak brightness နဲ့ ယခင်မျိုးဆက်ထက် 39.6% ပိုကောင်းတဲ့ color uniformity နဲ့ 22.3% ပိုကောင်းတဲ့ brightness uniformity တို့ပဲ ဖြစ်ပါတယ်။

အစွမ်းထက်တဲ့ လုပ်ဆောင်ချက်တွေ ရှိနေပေမယ့် မျက်နှာပြင်အသစ်က ပါဝါသုံးစွဲမှုကို ၃၀% လျှော့ချပေးတယ်လို့ ဆိုပါတယ်။
အစောပိုင်းသတင်းတွေအရ iQOO 16 မှာ Snapdragon 8 Elite Gen 6၊ သီးခြားချစ်ပ်၊ 50MP အဓိကကင်မရာ၊ periscope telephoto unit၊ ultrasonic scanner ပါတဲ့ 6.85″ မျက်နှာပြင်၊ 8500mAh ဘက်ထရီ၊ 100W ကြိုးတပ်အားသွင်းစနစ်၊ ကြိုးမဲ့အားသွင်းစနစ်နဲ့ IP68/IP69 အဆင့်သတ်မှတ်ချက်တွေ ပါဝင်မယ်လို့ သိရပါတယ်။
iQOO 16 ကို Track, Legend နဲ့ Light Chaser အရောင်တွေနဲ့ ရရှိနိုင်ပါတယ်။ 12GB/256GB, 12GB/512GB, 16GB/512GB, နဲ့ 16GB/1TB မော်ဒယ်တွေနဲ့လည်း ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ တရုတ်နိုင်ငံမှာတော့ ဖုန်းကို ကြိုတင်မှာယူနိုင်ပါပြီ။