Xiaomi ဟာ တရုတ်နိုင်ငံက သူ့ရဲ့ပရိသတ်တွေအတွက် Redmi R70 နဲ့ Redmi R70m ဆိုတဲ့ ဘတ်ဂျက်ဖုန်းအသစ်တွေကို ယူဆောင်လာခဲ့ပါတယ်။
အမည်နှစ်မျိုးကွဲပြားပေမယ့် သူတို့ဟာ အတူတူနီးပါးဖြစ်ပြီး ဘက်ထရီနဲ့ ဖွဲ့စည်းပုံမှာပဲ ကွာခြားပါတယ်။ နှစ်မျိုးစလုံးမှာ Unisoc T8300 ချစ်ပ်၊ LPDDR4x RAM၊ UFS 2.2 သိုလှောင်မှု၊ ၆.၉ လက်မ 720x1600px 120Hz LCD၊ 13MP အဓိကကင်မရာ၊ 8MP ဆယ်လ်ဖီကင်မရာနဲ့ 15W ကြိုးတပ်အားသွင်းစနစ်နဲ့ 7.5W ပြောင်းပြန်အားသွင်းစနစ်တွေ ပါဝင်ပါတယ်။ နောက်ဆုံးအနေနဲ့ vanilla မော်ဒယ်မှာ 6000mAh ဘက်ထရီပါဝင်ပြီး M မော်ဒယ်မှာတော့ ပိုကြီးတဲ့ 6300mAh ဘက်ထရီ ပါဝင်ပါတယ်။

Redmi R70 ကို 4GB/128GB, 6GB/128GB, 6GB/256GB နဲ့ 8GB/256GB ဆိုပြီး ရွေးချယ်နိုင်ပြီး Redmi R70m ကိုတော့ 6GB/128GB, 6GB/256GB, 8GB/256GB နဲ့ 12GB/256GB ဆိုပြီး ရွေးချယ်နိုင်ပါတယ်။
ဖုန်းနှစ်မျိုးလုံးကို အဖြူ၊ အပြာ၊ အနက်နဲ့ ခရမ်းရောင် ဗားရှင်းတွေနဲ့ ရရှိနိုင်ပါတယ်။ စံဗားရှင်းရဲ့ ဈေးနှုန်းက CN¥1,599 ကနေ စတင်ပြီး M မော်ဒယ်ကတော့ CN¥1,799 ကနေ စတင်ပါတယ်။